Home » , » The Legend of the Blue Sea

The Legend of the Blue Sea







အားလုံးသိကြတဲ့ အတိုင်းပဲ ဒီဇာတ်ကားဟာ မထွက်ခင် သုံးလလောက်အလိုကတည်းက တကယ်ရေပန်းစားနေတဲ့ဇာတ်လမ်းတစ်ခုဖြစ်ပြီး မင်းသားကလည်း အချစ်တော် လီမင်ဟိုနဲ့မင်းသမီးကတော့ ကို၇ီးယားနိုင်ငံရဲ့ National Love လို့တောင်တင်စားရတဲ့ ဂျန်ဂျီဟွန်းပေါ့..ဒီလိုနာမည်ကြီးဇာတ်ကောင် ၂ခုအပြိုင်

ပါဝင်တဲ့Legend Of The Bluesea ဆိုတဲ့ဇာတ်ကားဟာ Nov 16 မှာစတင်ပြသခဲ့ပါပြီ
ဒီဇာတ်ကားကို ရိုက်ကူးတင်ဆက်သူဒါရိုက်တာကတော့ Jin Hyeok ဖြစ်ပါတယ် အပိုင်း ၂၀ ပြသ
သွားမှာဖြစ်ပြီး ဇန်န၀ါရီ  19 ရက်နေ့မှာနောက်ဆုံးအပိုင်းကိုတင်ဆက်သွားပါမယ် ထုတ်လွှင့်တဲ့
ရုပ်သံလိုင်းကတော့ SBS ဖြစ်ပါတယ်

ဇာတ်လမ်းအညွှန်းကိုအကြမ်းဖျင်းမညွှန်းခင် အချက်အလက်လေးတွေနဲ့တင်ဆက်ပါဦးမယ်
ဒီဇာတ်ကားဟာ လီမင်ဟိုတစ်ယောက် စစ်တပ်မှာ ၂ နှစ်အမှုမထမ်းခင် သရုပ်ဆောင်တဲ့
နောက်ဆုံး ဒရာမာတစ်ခုဖြစ်ပါတယ်..ပြီးတော့မင်းသမီး ဂျန်ဂျီဟွန်းကလည်း သူကလေးမွေးပြီး
နောက် ပထမဆုံး ပြန်လည်သရုပ်ဆောင်တဲ့ ဒရာမာတစ်ခုဖြစ်ပါတယ် ဒီဇာတ်လမ်းကို
သြဂုတ်လ 19 ရက်နေ့ကနေစတင်ရိုက်ကူးခဲ့ပါတယ် Palau ကျွန်း နဲ့ Goesan တို့မှာရိုက်ကူးထားပြီး
နောက်ဆုံး စပိန်မှာလည်း သွားရောက်ရိုက်ကူးထားပါတယ်

ဇာတ်လမ်းအညွှန်း

၁၅၈၆ ခုနှစ် မှာ ရွာတစ်ရွာမှာမုန်တိုင်းအသည်းအသန်ကျပြီးတဲ့နောက်
ပင်လယ်ပြင်ကနေ ရေသူမ မျိုးဆက်ရဲ့နောက်ဆုံးမျိုးဆက်ဟာ
မုန်တိုင်းကြောင့် သောင်တင်ခဲ့ပါတယ်..ရွာအုပ်ချုပ်သူက ဖမ်းဆီးထားခဲ့ပြီး
အသစ်ရောက်လာတဲ့ မြို့တော်ဝန်ကိုဝင့်ကြွားစွာပြသချိန်မှာတော့
မြို့တော်ဝန်ဟာသနားပြီး ရေသူမ ကို ပင်လယ်ထဲပြန်လွှတ်လိုက်ပါတယ်
မြို့တော်ဝန်ရဲ့လက်က အထိန်းအမှတ် ကျောက်စိမ်းလေးကို
ရေသူမကိုလက်ဆောင်အဖြစ်ပေးခဲ့ပါတယ်
နောက်ထပ်နှစ်ပေါင်း 430 ကြာတဲ့အခါမှာတော့
အဲ့ရေသူမလေးဟာမုန်တိုင်းကြောင့်ပဲ ကုန်းမြေပြင်ပေါ်မှာ
နောက်တစ်ခေါက်သောင်တင်လာပြန်ပါတော့တယ်
ဗိုက်ကလည်းဆာဆာနဲ့တွေ့တဲ့ဟိုတယ်အခန်းထဲခိုးဝင်ပြီး
အစားအသောက်တွေခိုးစားခဲ့တယ်..ဖြစ်ချင်တော့
အဲ့အခန်းမှာတည်းနေတဲ့သူက ဆိုးလ်မြို့ကနေ
ခဏလာရောက်အနားယူနေတဲ့ မျက်လှည့်ပညာရှင်
စိတ်ညို့ပညာရှင် တစ်ဦးပါ တနည်းအားဖြင့်
ပြောရမယ်ဆိုရင်တော့ မြို့တော်ဝန်လေး ဒန်ယောင်း
လူဝင်စားတဲ့သူပေါ့ ..သူဟာ ရေသူမလေးကို ရဲလက်အပ်လိုက်ပေမယ့်
သနားစိတ်လေးကတော့ရှိခဲ့တယ်..ပိုပြီးစိတ်ဝင်စားစေတာက
ရေသူမလေးလက်က လက်ကောက်ကိုမြင်လိုက်ရတော့
နောက်ကြောင်းစုံစမ်းတဲ့အခါ နှစ်ပေါင်း 400 ကျော်သက်တမ်း
ကြာပြီး ဒေါ်လာ 6သောင်းလောက်တန်တယ်ဆိုတာကိုသိရတဲ့အခါ
ရေသူမလေးကိုပြန်ရှာပြီး ကြင်နာစွာဆက်ဆံပါတော့တယ်
ဒီလိုနဲ့ သူတို့တွေဘာတွေဆက်ဖြစ်မလဲ ဒန်ယောင်းကရော
ဘ၀ဟောင်းကိုမှတ်မိပါ့မလား.ရေသူမလေးကရော
သူ့ကိုမှတ်မိပါ့မလား..ကမ္ဘာပေါ်ကိုရောက်လာတဲ့
ရေသူမလေးနောက်ဆုံးမျိုးဆက်လေးဟာလည်း
လူတွေနဲ့အတူနေထိုင်နိုင်ပါ့မလားဆိုတာ ဆက်လက်စောင့်ကြည့်ပါ



AMT Movies Store
No.4/54,တောင်သာဓမ္မာရုံအနီး၊ရန်အောင်(၂)ရပ်ကွက်၊ပျဉ်းမနားမြို့။
09420761335,09970535678


0 comments:

Post a Comment

လူကြီးမင်းတို့လုပ်ငန်းသုံး၊အိမ်သုံးComputer များအား Windowတင်ခြင်း၊Upgrade/Downgradeများပြုလုပ်ခြင်း၊Network ချိတ်ဆက်ခြင်းများကို အိမ်တိုင်ရာရောက် စိတ်တိုင်းကျ လိုက်လံဆောင်ရွက်ပေးနေပါသည်၊၊ ...ဆက်သွယ်ရန်၊09420761335,09970535678 နေပြည်တော် ...

Zeyar Wiki App

Anti MLM Group

09420761335,09970535678

Moh TattooProblem Apk

 
Copyright ©
Created By Aung Min Tun | Distributed By Aung Min Tun