ဇာတ်လမ်းအကျဉ်းလေးကတော့ ဗုံးရှင်းလင်းရေးရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ကင်ဟွန်းဂျွန်ဟာ
Profiling လိုခေါ်တဲ့ အမှုကိုလေ့လာသုံးသပ်ကောက်ကြောင်းပုံဖော်ပေးတဲ့ပညာကို ဗုံးပေါက်ကွဲမှုဖြစ်ပြီးနောက်ပိုင်း
မယုံကြည်တော့တဲ့ ရဲဝန်ထမ်းတစ်ဦးပါ။
တစ်နေ့မှာတော့ လူပျောက်မှုတစ်ခုကို အမှုလိုက်ရင်း ဒီအမှုဟာ
ကွင်းဆက်လူသတ်မှုတစ်ခုနဲ့ ဆက်စပ်နေတဲ့အခါမှာတော့….
NCI- National Crime Investigation လို့ခေါ်တဲ့ အထူးတပ်ဖွဲ့နဲ့ပူးပေါင်းပါဝင်ဖို့ ဖြစ်လာပါတယ်။
NCI ဆိုတာ အထူးတပ်ဖွဲ့ဆိုတော့ သူရဲ့ အဖွဲ့ဝင်တွေရဲ့ ပညာကျွမ်းကျင်မှုကလည်း ထူးခြားလှပါတယ်။
အထူးအမှုတွေကို စုံစမ်းဖော်ထုတ်တဲ့အဖွဲ့ဆိုတော့ ပြစ်မှုကျွမ်းကျင်သူရဲ့
စိတ်ပိုင်းဆိုင်ရာ Criminal mind ကို သိဖို့အထူးအရေးကြီးပါတယ် ။
ဒီလူတွေဟာ စိတ္တဇလူသတ်သမားတွေဆိုတော့ အရင်အလောင်းတွေ စစ်ဆေးရတဲ့မူတည်ပြီး
သူတို့ဘယ်လိုဆက်လုပ်သွားနိုင်တယ်ဆိုတာ မှန်းဆဖော်ထုတ်
ကောက်ကြောင်းဖေါ်တဲ့ Profiling ပညာကို အဓိက ထားရတာပါပဲ။
ဒီအဖွဲ့မှာ ပြစ်မှုကျူးလွန်သူတွေရဲ့ အပြုအမူပိုင်းဆိုင်ရာကြည့်ပြီး ကောက်ကြောင်းပုံဖော်တဲ့
Behavior Profiling Sepecialist ဟဆန်းဝူး၊ စိတ်ပိုင်းဆိုင်ရာ Psychology ကို
အဓိက ကောက်ကြောင်းပုံဖော်ပေးမယ့် ဆေးပညာနဲ့ စိတ်ပညာ Profiling Specialist ဒေါက်တာလေး လီဆန်း၊မီဒီိယာသမားတွေနဲ့ပတ်သတ်ပြီး ကိုင်တွယ်ဖြေရှင်းပေးမယ့် လူမှုဆက်ဆံရေးကျွမ်းကျင်သူလေးယူမင်းယောင်း ၊
နောက်ကွယ်ကနေ CCTV ခြေရာခံတာ လိုအပ်တဲ့Data တွေ ရှာဖွေပေးမယ့်
ကွန်ပျူတာကျွမ်းကျင်ပညာရှင် အပျိုကြီးမမဟွမ်
သူတို့တွေအားလုံးကို စီမံကွပ်ကဲနေတဲ့ ကောက်ကြောင်းပုံဖော်ပြီး
ပြစ်မှုကျူးလွန်သူတွေရဲ့စိတ်ကို အရမ်းနားလည်တတ်တဲ့ Profiling ဆရာကြီး ဌာနမှူးကန် တို့ပါဝင်ပါတယ် ။
ကွင်းဆက်လူသတ်မှုတစ်ခု ကို ဒီပညာတွေအသုံးပြုပြီး ဖော်ထုတ်နိုင်တဲ့အခါမှာတော့ ကင်ဟွန်းဂျွန်းရဲ့
ဒီပညာအပေါ်ကို ဘယ်လိုသဘောထားတွေပြောင်းပြီး ဒီအဖွဲ့ထဲရောက်ကာ စိတ်ဝင်စားစရာအမှုတွေကို
ဆက်လက်စောင့်ကြည့်ပြီး ဘယ်လိုများ Criminal Mind ကိုဖတ်ကြမလဲဆိုတာ ကြည့်လိုက်ကြရအောင်
AMT Movies Store
No.4/54,တောင်သာဓမ္မာရုံအနီး၊ရန်အောင်(၂)ရပ်ကွက်၊ပျဉ်းမနားမြို့။
☎ 09420761335,09970535678
No.4/54,တောင်သာဓမ္မာရုံအနီး၊ရန်အောင်(၂)ရပ်ကွက်၊ပျဉ်းမနားမြို့။
☎ 09420761335,09970535678
0 comments:
Post a Comment