Home » , » The Kingdom of the Winds ( 2008 )

The Kingdom of the Winds ( 2008 )


ကိုရီးယားဇာတ်လမ်းတွဲ ပရိသတ်တွေရော , ပရိသတ်မဟုတ်တဲ့သူတွေရော ဂျူမုံ ဆိုတဲ့ အသံကြားလိုက်တာနဲ့ လူ ၁၀၀ မှာ ၉၀ လောက်က စွဲစွဲမြဲမြဲနှစ်ခြိုက်ကြဖူးလောက်မှာပါနော် …
ကျွန်တော်လဲ အဲ့ လူ ၉၀ တည်းက တစ်ယောက်အပါအဝင်ပေါ့ … ငယ်ငယ်က မြန်မာ့အသံတို့ မြဝတီတို့ ရုပ်သံနှစ်လိုင်းလောက်ပဲ လူကြည့်များချိန်မှာ မြဝတီ က ” ရာဇဝင်တွင်တဲ့ သူရဲကောင်း ” ဆိုပြီး လွှင့်ခဲ့တဲ့ ဇာတ်ကားလေးပါ ….
အဲ့တုန်းက အခုလို မီးတွေကလဲ ပုံမှန်မရ ( အခုလဲ ပျက်ဆဲပါပဲ  :3 ) … တနေ့ကို ၆ နာရီလောက်ပဲ ပေးတဲ့အချိန် ဂျူမုံ လာတယ့်နေ့ ကိုယ့်ရပ်ကွက်မှာ မီးမလာတဲ့နေ့ဆို သေပြီဆရာပဲ … လက်ဖက်ရည်ဆိုင်မှာတောင် သွားထိုင်ကြည့်ဖူးတဲ့ ရက်စွဲတွေရှိခဲ့ရလောက်အောင်ကို သဘောကျခဲ့ဖူးပါတယ် …
အခုတင်ဆက်မယ့် ဇာတ်လမ်းတွဲကတော့ မြဝတီ က ထုတ်လွှင့်ခဲ့ဖူးတယ့် ” ရာဇဝင်တွင်မယ့်သူရဲကောင်း ” ပြသပြီးနောက် နောက်ထပ် ထွက်ရှိလာတဲ့ မြန်မာနာမည် ” လေဟုန်ခွင်းမယ့် သူရဲကောင်း ” ဆိုတဲ့ နာမည်နဲ့ ဇာတ်ကားလေးပါ …
ရာဇဝင်တွင်မယ့်သူရဲကောင်းမှာ ပရိသတ် တွေရဲ့ အသဲကျော်ဖြစ်ခဲ့ ဂျူမုံ မင်းသားရဲ့ မြေးဖြစ်သူ မူယယ် ရဲ့ ဇာတ်ကြောင်းလေးပါ …
ဒီဇာတ်လမ်းမှာဆိုရင်ဖြင့် မူယယ် နေရာကို ဂျူမုံမင်းသားကပဲ ပြန်လည်သရုပ်ဆောင်ထားပါတယ် …
အားလုံးလည်း ဇာတ်လမ်းကို ရင်းနှီးပြီးသား ဖြစ်မယ်လို့ ယုံတာကြောင့် အတိုးချုံးပဲ ရှင်းပြပေးလိုက်မယ်နော် …
မူယယ် က အလွန်တရာကို ဆိုးလှတဲ့ကံကြမ္မာနဲ့မွေးဖွားလာခဲ့တဲ့ကလေးတယောက်ဖြစ်ပါတယ် … မူယယ် မွေးလာခဲ့ရင် သူ့အဖေ နဲ့ သူ့ရဲ့ညီအကို ဆွေမျိုးသားချင်းတွေရော ဘူယော တိုင်းပြည်ကြီးပါ အလွန်တရားဆိုးရွားလှတဲ့ကပ်ဆိုး … ဘေးအန္တရာယ်ကျရောက်မယ် ဆိုတာကို မင်းကြီးယူရီက နတ်ဆရာမထံမှ သိခဲ့ရတယ် …
ဒါ့ကြောင့်မို့ မိုးနတ်မင်းရဲ့ ဒေါသမီးကို ငြိမ်းသတ်ဖို့ဆိုပြီး မွေးကင်းစအရွယ်သာရှိသေးတဲ့ မူယယ် လေးကို စတေးစေပါတယ် … အဲ့လိုအခြေအနေမျိုးမှာ ဖခင်တယောက်အနေနဲ့ ကိုယ့်သားကိုမသတ်ဝံ့တော့ ဘယ်သူမှမသိအောင်သတ်ချင်ယောင်ဆောင်ခဲ့ပါတယ် …
အဲ့နောက် ဟယ်အာ ဆိုတဲ့အမျိုးသမီးထံမှာ မူယယ် ကို နှစ်၂၀လုံးသာမာန်လူအဖြစ် ရှင်သန်စေခဲ့တယ် … အဲ့လိုနဲ့ အသက်အရွယ်တစ်ခုရလာတော့ မူယယ် ရဲ့ အကိုရင်းဖြစ်သူ ဟဲမြောင်မင်းသားဆီမှာလဲ မူယယ် က တာဝန်သွားထမ်းဆောင်ခဲ့တယ် …
ဟဲမြောင် က ညီအကိုတွေမှန်းသိခဲ့တယ် … အခြေအနေအမျိုးမျိုးကြောင့် ဟဲမြောင်မင်းသားသေဆုံးခဲ့ရတယ် … ဟဲမြောင်သေဆုံးရတာ ဘုရင်ယူရီကြောင့်လို့ ယုံကြည်မိလိုက်တဲ့ မူယယ် ဟာ လက်စားချေဖို့ ဘုရင်ယူရီဆီမှာ အခစားဝင်ခဲ့တယ် …
အဲ့လိုနဲ့ပဲ မူယယ် က ယူရီ ကို အဖေအရင်းမှန်းသိပြီး သူကမင်းသားတပါးဆိုတာ သိရတဲ့အချိန်မှာ ဘာတွေဆက်ဖြစ်မလဲ ?
မိသားစုကိစ္စတင်မဟုတ် ကိုရီးယားနန်းတွင်းကားတွေရဲ့ ထုံးစံအတိုင်း နန်းတွင်း ပြသာနာ တွေရယ် … မင်းသားဖြစ်သူ ကြိုက်တဲ့ ကောင်မလေးက တစ်ဖက်ရန်သူနိုင်ငံက မင်းသမီးကလဲ ဖြစ်နေတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာ ဆက်လက်ရှုစားကြပါဦးနော် …
Rating အရလဲ IMDb မှာ 7.8/10 , Viki မှာ 9.5/10 နှင့် MyDramaList မှာ 8.2/10 အသီးသီးရရှိထားတဲ့ ဇာတ်လမ်းကောင်းတစ်ခုပါ …


Episode - 1 to 25
Price - 2000Ks
Memory - 14GB
Resolution - 1080P


AMT Movies Store
No.4/54,တောင်သာဓမ္မာရုံအနီး၊ရန်အောင်(၂)ရပ်ကွက်၊ပျဉ်းမနားမြို့။
☎ 09420761335,09970535678

0 comments:

Post a Comment

လူကြီးမင်းတို့လုပ်ငန်းသုံး၊အိမ်သုံးComputer များအား Windowတင်ခြင်း၊Upgrade/Downgradeများပြုလုပ်ခြင်း၊Network ချိတ်ဆက်ခြင်းများကို အိမ်တိုင်ရာရောက် စိတ်တိုင်းကျ လိုက်လံဆောင်ရွက်ပေးနေပါသည်၊၊ ...ဆက်သွယ်ရန်၊09420761335,09970535678 နေပြည်တော် ...

Zeyar Wiki App

Anti MLM Group

09420761335,09970535678

Moh TattooProblem Apk

 
Copyright ©
Created By Aung Min Tun | Distributed By Aung Min Tun