တောင်းဆိုသူတွေ အရမ်းများနေတဲ့ Special Package လေးတစ်ခု လာပါပြီ။
ကမ္ဘာတစ်ဝှမ်းလုံးက ဖန်တွေရဲ့ စိတ်ကို ယနေ့တိုင် သိမ်းပိုက်ထားနိုင်ခဲ့တဲ့
စာအုပ်တွေနဲ့ ဇာတ်လမ်းတွေပါပဲ။ လုံးဝမရင်းနှီးသေးသူတွေအတွက် အညွှန်းလေး
ရေးပေးထားပါ့မယ်။ ကျွန်တော်တို့ ကမ္ဘာမှာ လျို့ဝှက်ထားတဲ့
မှော်လောကကြီးတစ်ခု ရှိနေပါတယ်။ လွန်ခဲ့တဲ့ နှစ်များစွာက မှော်လောကမှာ
အမှောင်သခင် ဗိုဒီမော့ အင်အားအင်မတန်ကြီးထွားနေခဲ့ပြီး သူ့ကို
တွန်းလှန်သူတွေနဲ့ တိုက်ပွဲတွေ မရပ်တန့်နိုင်အောင် ဖြစ်နေကြပါတယ်။ သူ့ကို
နာမည်တောင် မခေါ်ဝံ့ကြပဲ “နာမည်မခေါ်ရမယ့်သူ” “မင်းသိတဲ့သူ” စသည်ဖြင့်သာ ခေါ်ခဲ့ကြပါတယ်။ တစ်နေ့မှာတော့ ဗိုဒီမော့ဟာ သူ့ကိုဆန့်ကျင်တိုက်ခိုက်နေတဲ့
အဖွဲ့ရဲ့ သူရဲကောင်း လင်မယား၂ယောက်ကို သတ်ဖြတ်ခဲ့ပြီး သူတို့ကလေးကို
သတ်ဖို့ ကြိုးစားချိန်မှာပဲ ဘယ်သူမှနားမလည်နိုင်စွာပဲ
အစွမ်းတွေပျောက်ဆုံးပြီး လုံးဝပျောက်ကွယ်သွားပါတော့တယ်။ အဲဒီကလေးရဲ့ “ဟယ်ရီ
ပေါ်တာ” ဆိုတဲ့နာမည် ” အသက်ရှင်ကျန်ခဲ့တဲ့ ကောင်လေး” ဆိုတဲ့ နာမည်နဲ့
မှော်လောကမှာ ထင်ရှားလာခဲ့ပါတယ်။ ဒီကလေး ၁၁ နှစ်အရွယ်ရောက်လို့
မှော်ကျောင်းကြီး ဟော့ဂ်ဝပ်ထ်မှာ တက်ရောက်ချိန်မှာပဲ ထူးခြားတဲ့
အဖြစ်အပျက်မျိုးစုံနဲ့ အတူ အမှောင်သခင် နဲ့ သူ့နောက်လိုက်တွေနဲ့
ကြမ်းတမ်းတဲ့ အားပြိုင်မှုမျိုးစုံ စတင်လာပါတော့တယ်။ ဒီဇာတ်လမ်းကို
လူကြိုက်များရတာကတော့ စလည်ဆုံး အချိတ်အဆက်မိတဲ့ ဇာတ်လမ်း၊ ပီပြင်အောင်
ဖော်ပြထားတဲ့ ကမ္ဘာသစ်တစ်ခု၊ စိတ်ဝင်စားစရာ အစစ်လို့ထင်ရလောက်တဲ့
စိတ်ကူးဥာဏ်၊ မိတ်ဆွေစိတ်၊ မိသားစုအကြောင်း၊ ရဲရင့်မှု၊ ဟာသ….ပြောရင်တော့
မကုန်တော့ပါဘူးလေ။(Fanကိုး :P)အဓိကကတော့ ချစ်ခြင်းမေတ္တာဟာ
အစွမ်းထက်ဆုံးမှော်ပညာဆိုတဲ့ အချက်ကို လှလှပပကြီး ဖော်ဆောင်သွားတဲ့
အချက်လို့ပဲ ပြောရမယ်ထင်ပါတယ်။ နောက်တစ်ချက်က ကျွန်တော်တို့ အများစုက
ငယ်ငယ်က ရရာနေရာကပဲ ကြည့်ခဲ့ရတော့ ကြည်တဲ့ကားကြည်မယ် မကြည်တဲ့ကားလဲ
မကြည်ဘူးပေါ့။ ခုတော့ နောက်ဆုံး edition အနေနဲ့ Bluray 1080p ကနေ
အတက်နိုင်ဆုံး ကြည်လင်အောင် ဖိုင်ဆိုက်ကို ချပေးထားပြီး
အစအဆုံးအပြည့်ခံစားနိုင်အောင်ကြိုးစားပေးထားပါတယ်။
AMT Movies Store
No.4/54,တောင်သာဓမ္မာရုံအနီး၊ရန်အောင်(၂)ရပ်ကွက်၊ပျဉ်းမနားမြို့။
☎ 09420761335,09970535678
0 comments:
Post a Comment