Home » , » Three Kingdoms

Three Kingdoms



၂၀၁၀ က ထွက်ထားပေမယ့် ဘယ်တော့မှ မရိုးနိုင်တဲ့ ရာဇ၀င်နောက်ခံအက်ရှင်ဇာတ်ကားဖြစ်ပါတယ်။ Three Kingdoms ရိုက်ကူးဖို့ ဒါရိုက်တာနဲ့ထုတ်လုပ်သူတွေက ၁၇ရာစု သုံးပြည်ထောင်သမိုင်းစာအုပ်တွေ၊ မှတ်တမ်းတွေကို စနစ်တကျရှာဖွေပြီး ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ Three Kingdoms မှာ အတွဲပေါင်း ၉၅တွဲပါလို့ ရှည်လျားမယ်ထင်ရပေမယ့် သမိုင်းနောက်ခံစီးရီးကားဖြစ်တာကြောင့် တစ်ပိုင်းနဲ့တစ်ပိုင်း အချိတ်အဆက်မိမိဆွဲဆောင်နိုင်တာ တွေ့ရပါတယ်။ တစ်ပိုင်းခြင်းဆီမှာ သီးသန့်အကြောင်းအရာလေးတွေ ပါဝင်ပါတယ်။ Three Kingdoms ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာက ဂါရှီရှီဖြစ်ပြီး တရုတ်နိုင်ငံမှာတော့ စီးရီးဘုရင်ဆိုပြီး နာမည်ကြီးပါတယ်။ သူရိုက်ကူးခဲ့တဲ့ မော်စီတုန်းစီးရီး၊ Three Kingdoms၊ Legend of Chu and Han စီးရီးတွေက လူကြိုက်များပါတယ်။ Three Kingdoms ဇာတ်ကားကို နာမည်ကြီးသရုပ်ဆောင်တွေမပါဘဲ အကောင်းဆုံးရိုက်ကူးပြီး ၀င်ငွေစံချိန်တင်နိုင်ခဲ့တာကတော့ လေးစားဖို့ကောင်းပါတယ်။ Red cliff ကြည့်ပြီးသူတွေကတော့ Three Kingdoms ထဲက ဇာတ်ကောင်တွေနဲ့ ရင်းနှီးမှာသေချာတယ်။ အဲဒီဇာတ်ကားထဲက ချောင်ချောင်၊ လျူကဲလျန်တို့ အကုန်ပါဝင်ပါတယ်။ Three Kingdoms ကတော့ ပိုပြီး အနုစိတ်ကျပါတယ်။ Three Kingdoms နဲ့ပတ်သက်ပြီး နာမည်ကြီးခဲ့တဲ့ ဇာတ်ကားတွေက red cliff, the lost bladesman နဲ့ မြ၀တီမှာပြဖူးတဲ့ လီပုနဲ့သောင်ချန်စီးရီးဇာတ်ကားတွေပဲဖြစ်ပါတယ်။ Three Kingsdoms ထဲက စစ်သူကြီးဇောင်ယန်ကိုလည်း God of war ဆိုပြီး ရုပ်ရှင်ရိုက်ထားပါသေးတယ်။ ဂိမ်းကစားသူတွေကတော့ Dynasty Warrior ကစားဖူးရင် Three Kingdoms အကြောင်း ကောင်းကောင်းသိမှာဖြစ်ပါတယ်။ စီးရီးတွဲကြည့်ဖို့ Three Kingdoms အကြောင်းလေး မိတ်ဆက်ပေးချင်ပါတယ်။ Three Kingdoms(သုံးပြည်ထောင်)ဟာ အရှေ့ဟန့်မင်းဆက်နှောင်းပိုင်းကာလ အေဒီ ၁၆၈ ခန့်လောက်မှ အစပြု၍အနောက်ကျင့်မင်းဆက် အစပိုင်းကာလအေဒီ ၂၆၅ ခုနှစ်အတွင်းဖြစ်ပျက်ခဲ့သည့်သမိုင်းကြောင်း ဖြစ်ပါတယ်။ ခေတ်ကာလရှည်လျားသလောက် ဖြစ်ပျက်တဲ့အဖြစ်အပျက်တွေကလည်း စုံလင်ပါတယ်။ ဒါကြောင့် Three Kingsdom ကြည့်ပြီးရင် တရုတ်သမိုင်းတစ်ဝက်သိပြီးလို့ပြောကြတာဖြစ်ပါတယ်။ ဘာလို့ သုံးပြည်ထောင်လို့ခေါ်လဲဆိုတော့ တရုတ်နိုင်ငံ အရှေ့ပိုင်းက ရှူဟန်ပြည်နယ်၊ ချောင်ဝေပြည်နယ်၊ ၀ူပြည်နယ်တို့ကို ပေါင်းစည်းထားလို့ဖြစ်ပါတယ်။ သုံးပြည်ထောင်မှာ အာဏာလုပွဲတွေ၊ နယ်မြေလုပွဲတွေ၊ နန်းတွင်းအရေးတော်ပုံတွေနဲ့ ၀မ်းနည်းဖွယ်ရာအချစ်ဇာတ်လမ်းတွေပါလို့ ကြည့်တဲ့သူတွေကို ရသမျိုးစုံပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ သုံးပြည်ထောင်ဇာတ်ကားမှာ အဓိကကျတဲ့ အမတ်ကြီးချောင်ချောင်၊ မဟာဗျူဟာစစ်သူကြီးလျူလျန်၊ ရှူဟန်ဟန်ပြည်ကိုတည်ထောင်ခဲ့တဲ့ လျူဘေ၊ ချောင်ဝေပြည်နယ်ကိုတည်ထောင်ခဲ့တဲ့ ချောင်ပိနဲ့ ၀ူပြည်ကိုတည်ထောင်ခဲ့တဲ့ ဆန်ကွင်းတို့က စီးရီးတစ်ခုလုံးကို ဟာကွက်မရှိပုံဖော်ပေးပါလိမ့်မယ်။ ဇာတ်ဝင်ခန်းတွေကလည်း ဟန်မင်းဇာတ်ခေတ်က ရိုက်ထားတဲ့အတိုင်း သဘာဝကျပါတယ်။ လူအင်အား၊ ငွေအင်အား အမြောက်အများကျခံရိုက်ကူးခဲ့လို့ ၀င်ငွေအကောင်းဆုံးစီးရီးအဖြစ် ရပ်တည်နေတာ မဆန်းလှပါဘူး။


AMT Movies Store
No.4/54,တောင်သာဓမ္မာရုံအနီး၊ရန်အောင်(၂)ရပ်ကွက်၊ပျဉ်းမနားမြို့။
09420761335,09970535678


 

0 comments:

Post a Comment

လူကြီးမင်းတို့လုပ်ငန်းသုံး၊အိမ်သုံးComputer များအား Windowတင်ခြင်း၊Upgrade/Downgradeများပြုလုပ်ခြင်း၊Network ချိတ်ဆက်ခြင်းများကို အိမ်တိုင်ရာရောက် စိတ်တိုင်းကျ လိုက်လံဆောင်ရွက်ပေးနေပါသည်၊၊ ...ဆက်သွယ်ရန်၊09420761335,09970535678 နေပြည်တော် ...

Zeyar Wiki App

Anti MLM Group

09420761335,09970535678

Moh TattooProblem Apk

 
Copyright ©
Created By Aung Min Tun | Distributed By Aung Min Tun