ဒီဇာတ်လမ်းတွဲမှာ Aria အဖြစ် (Lucy Hale), Hanna အဖြစ် (Ashley Benson), Emily အဖြစ် (Shay Mitchell), Spencer အဖြစ် (Troian Bellisario) တို့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းလေးကို သူတို့လေးယောက်ရဲ့ အချစ်ဆုံးသူငယ်ချင်း Alison (Sasha Pieterse) သူတို့အသက် ၁၅နှစ်အရွယ်မှာ အသတ်ခံခဲ့ရတာနဲ့အစပြုထားပြီး ၁နှစ်ကြာတဲ့အထိ လူသတ်သမားကို ရှာဖွေတွေ့ရှိခဲ့ခြင်းမရှိပါဘူး အဲဒီနောက်မှာတော့ A ဆိုတဲ့အမည်မသိသူတယောက်ဆီကနေ သူတို့လေးယောက် ခြိမ်းခြောက်စာတွေရခဲ့ပါတယ် အဲဒီခြိမ်းခြောက်စာတွေက alison နဲ့သူတို့လေးယောက်ကြားမှာပဲ သိတဲ့ လျှို့ဝှက်ချက်တွေကိုသုံးပြီး ပို့နေတာလည်း ဖြစ်ပါတယ် ဒီသည်းထိတ်ဖွယ်ဇာတ်လမ်းကို ဇာတ်အိမ်တည်ပြီး ဆယ်ကျော်သက်အရွယ်တွေရဲ့ စိတ်ခံစားမှုတွေ၊ မိသားစုအပေါ်ထားတဲ့စိတ်တွေ၊ မိသားစုပြဿ နာတွေ၊ အချစ်အကြောင်းတွေ၊ ဘဝအပေါ်ရှုမြင်သုံးသပ်ပုံတွေ၊ လူငယ်ဆန်တဲ့အကြောင်းအရာတွေကို ပေါင်းစပ်ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲကောင်းတခုဖြစ်ပါတယ် စာရေးဆရာမ Sara Shepard ရဲ့ bestseller စာရင်းဝင်ခဲ့တဲ့ Pretty Little Liars ဝတ္ထုကိုပဲအခြေခံပြီး I Marlene King က ဇာတ်ညွှန်းပြန်ဖွဲ့ထားပါတယ် ဇာတ်လမ်းတွဲရဲ့ ဒါရိုက်တာတွေဖြစ်တဲ့ Joseph Dougherty, Chad Lowe, I Marlene King, Troian Bellisario, Norman Buckley တို့က ရိုက်ကူးထားပြီး အပိုင်းတိုင်းက ကြည့်ရှုသူ ၂သန်းမှ ၃သန်းကျော်ရှိခဲ့တဲ့ ဇာတ်လမ်းတွဲလေးပါ ABC Family က တင်ဆက်တဲ့ ဒီဇာတ်လမ်းလေးကို ၁၀.၆.၂၀၁၀ မှာ စတင်ရိုက်ကူး ထုတ်လွှင့်ခဲ့ပြီး ၂၈.၆.၂၀၁၇ မှာ အဆုံးသတ်ခဲ့ပါတယ် ဒီဇာတ်လမ်းလေးဟာ လူငယ်ဆန်ဆန် funcy ဇာတ်လမ်းတွဲကြိုက်သူများအနေနဲ့ လက်မလွှတ်သင့်တဲ့ ဇာတ်လမ်းလေးတခုလည်းဖြစ်ပါတယ်
AMT Movies Store
No.4/54,တောင်သာဓမ္မာရုံအနီး၊ရန်အောင်(၂)ရပ်ကွက်၊ပျဉ်းမနားမြို့။
☎ 09420761335,09970535678
0 comments:
Post a Comment